မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်လက်နက်ထောက်ပံ့မှုတွေ ရပ်ဆိုင်းဖို့ တရုတ်ကို NUG တောင်းဆို

Share it with your friends Like

Thanks! Share it with your friends!

Close

မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီအတွက် စစ်လက်နက်ထောက်ပံ့တာတွေရပ်ဆိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ဒီလက်နက်တွေသုံးပြီး ကိုယ့်ပြည်သူတွေကို ပြန်သတ်ဖြတ်နေတာကြောင့် အိမ်နီးချင်းတရုတ်အနေနဲ့ လက်နက်ရောင်းချတာ၊ ငွေရေးကြေးရေး ထောက်ပံ့တာတွေကို ရပ်ဖို့တောင်းဆိုတယ်လို့ ဧပြီလ ၂၈ ရက်နေ့က South China Morning Post သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုလို ထောက်ပံ့မှုတွေ ဆိုတဲ့ နေရာမှာ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးအပြင် စစ်လက်နက် အရောင်းအဝယ် ကိစ္စတွေကိုပါ ဆိုလိုကြောင်း၊ NUG အစိုးရအနေနဲ့ ဒီတောင်းဆိုချက်ကို တရုတ်အစိုးရဆီ စာရေးပေးပို့ထားပေမဲ့ တရုတ်ဘက်က စာလက်ခံရရှိကြောင်းသာ အကြောင်းပြန်ပြီး တခြားဘာတုန့်ပြန်မှုမှမရှိကြောင်းသိရပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်ဟာ စစ်ကောင်စီအတွက် စစ်လက်နက်တွေ အဓိက ထောက်ပံ့ ရောင်းချပေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
 ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာလည်း အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံလောက် တန်ဖိုးရှိတဲ့ စစ်လက်နက်တွေ တင်သွင်းခဲ့ပြီး၊ အဲဒီစစ်လက်နက်တွေဟာ ရုရှား၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေကနေ လာတာလို့ ဖော်ပြထားပါတယ်။
ဘေဂျင်းဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ စစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံနေပေမယ့် ဘယ်ဘက်မှာ ရပ်တည်မှာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူးလို့လည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။
အာဆီယံနိုင်ငံတွေအနေနဲ့လည်း စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေကနေ ဖယ်ထုတ်ထားဖို့ ဒေါ်ဇင်မာအောင်က ထပ်မံတိုက်တွန်းထားပါတယ်။
အခုလက်ရှိ အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူတွေကိုသာ ဖိတ်ကြားပြီး တက်ရောက်ခွင့်ပေးတယ်ဆိုပေမဲ့ အဲဒီလိုသွားတက်ခွင့်ရသူတွေဟာ အစိုးရယန္တရားထဲမှာ တာဝန်ယူထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အခုလ အစောပိုင်းမှာ စစ်ကောင်စီရဲ့ ဌာနချုပ်ဖြစ်တဲ့ နေပြည်တော်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုး တော်လှန်ရေး အင်အားစုတွေဖက်က နောက်ထပ် သေချာပေါက် အကောင်အထည် ဖော်ဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 
ဒီလိုဒရုန်းလွှတ်တိုက်ခိုက်မှုဟာ စစ်ကောင်စီကို ဖိအားပေးဖို့ NUG အစိုးရရဲ့ စစ်ရေးဗျူဟာတစ်ရပ်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်က အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက စစ်ကောင်စီကို လက်ရှိထက် ဖယ်ကြဉ်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုကြောင်း၊နိုင်ငံရေးအရ ပိတ်ပင်ထားတယ် ဆိုတာထက်ပိုတဲ့ တင်းတင်းမာမာ ဖယ်ကြဉ်မှုတွေ လိုအပ်နေကြောင်း၊ အာဆီယံဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ထားပေမယ့် တချို့သော ဗျူရိုကရက် ယန္တရားတွေမှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေ ပုံမှန် ဆက်ရှိနေကြောင်း၊ စစ်ကောင်စီကို အသိအမှတ်ပြု ဖိတ်ကြားမှု မှန်သမျှ ရပ်ဆိုင်းပစ်တာမျို လိုအပ်ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားသွားပါတယ်။
NUG က တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အချက် ၁၀ ချက်ပါ သဘောထား စာတမ်းတစ်စောင်ကို ဇန်နဝါရီလက  ထုတ်ဝေခဲ့ပြီး ဘေကျင်းဟာ“နှစ်နိုင်ငံကြား နီးကပ်ပြီး လေးနက်သော သမိုင်းဝင် ဆက်ဆံရေးအတွက်သာမက ကမ္ဘာ့စူပါပါဝါအဖြစ် တရုတ်နိုင်ငံ၏ အဆင့်အတန်းအတွက်လည်း အထူးအရေးကြီးသော နိုင်ငံတစ်ခု” အဖြစ် ဖော်ပြခဲ့ပါတယ်။

#PoliticalNews
#Mizzima

—————————————–
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

Subscribe our channel:
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/join

Follow us:
Facebook | Myanmar Language
https://www.facebook.com/MizzimaDaily
Facebook | English language
https://www.facebook.com/MizzimaMyanmarnews
Facebook | Mizzima+TV
https://www.facebook.com/mizzimaplustv
Twitter
https://twitter.com/MizzimaNews
Telegram
https://t.me/mizzimatv
Sportify
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
Mizzima TV App
http://onelink.to/jnuwak

Website :
https://bur.mizzima.com
https://eng.mizzima.com
https://www.mizzima.tv
…………………
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Comments

Comments are disabled for this post.