ပါးစပ်ထဲမှာ အနာ ဒါမှမဟုတ် အဖြူကွက် အနီကွက်တွေ ပေါက်ပြီး တော်တော်နဲ့ မပျောက်ဘဲ ဖြစ်နေပါလား။
လည်ပင်းမှာ အကြိတ်တွေ ထွက်နေပါလား ဒါမှမဟုတ် လည်ချောင်းမှာ တစ်ဆို့ဆို့ ဖြစ်သလို ခံစားနေရပါလား။
အထူးသဖြင့် ကွမ်းစားသူတွေ၊ ဆေးလိပ်အရက် သောက်သူတွေဆိုရင်ဖြင့် ဒါတွေက ခံတွင်းကင်ဆာ အကြိုရောဂါ လက္ခဏာလား ဆိုတာကို ဆရာဝန်တွေနဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုတယ်လို့ ကျွမ်းကျင်သူ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။
ကွမ်းဆေးလိပ် အရက်နဲ့ ခံတွင်းကင်ဆာ ဘယ်လို ဆက်စပ်နေသလဲ ဆိုတဲ့အကြောင်း ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ မျက်နှာ၊ မေးရိုး၊ ခံတွင်း အစားထိုးပြုပြင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ကျော်စံနိုင်က ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း


Comments
Comments are disabled for this post.